ပြီးခဲ့တဲ့
ရက်ပိုင်းက လွှတ်တော်အမတ်တစ်ယောက်က မြန်မာနိုင်ငံမှာ သုံးစွဲလည်ပတ်နေတဲ့
ငွေစက္ကူတွေပေါ်မှာ လက်ရှိ ခြင်္သေ့ပုံတွေအစား ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရုပ်ပုံတွေပြန်လည် သုံးစွဲဖို့ တင်ပြတဲ့အခါမှာ ထောက်ခံသူ တစ်ယောက်နှစ်ယောက်ပဲရှိတဲ့ အတွက် အဆိုရှုံးနိမ့်
သွားခဲ့ပါတယ်။ ဒါဘာကြောင့်လည်း။ လွှတ်တော်မှာခြင်္သေ့ကိုယ်စားပြုတဲ့ ကြံ့ခိုင်ရေး
ကိုယ်စားလှယ်တွေတင် ရှိတာမဟုတ်ဘဲ တစ်ခြား ဒီမိုကရေစီကိုယ်စားပြုကိုယ်စားလှယ်တွေ အပြင် NLD မှ လွှတ်တော်ကိုယ်စားလှယ်ကြီးများလည်း ပါရှိပါတယ်။

ဒီအဆိုကို ဘာကြောင့် ငြင်းပယ်တာလည်း ဆိုတဲ့ အကြောင်းပြချက်ကတော့ ကျယ်ကျယ်ပြန့်ပြန့်
ထွက်မလာဘဲ ငြင်းပယ်ခံရပြီး အဆိုရှုံးနိမ့်သွားတယ်ဆိုတဲ့ အကျိုးတရားကသာ ကျယ်ကျယ်ပြန့်ပြန့်
ဖြစ်ပေါ်လာတာကို တွေ့မြင်နေရပါတယ်။ အများပြည်သူ အထင်အမြင်လွဲမှားစေလောက်အောင်ကို
ဖြစ်နေပါတယ်။
ထွက်မလာဘဲ ငြင်းပယ်ခံရပြီး အဆိုရှုံးနိမ့်သွားတယ်ဆိုတဲ့ အကျိုးတရားကသာ ကျယ်ကျယ်ပြန့်ပြန့်
ဖြစ်ပေါ်လာတာကို တွေ့မြင်နေရပါတယ်။ အများပြည်သူ အထင်အမြင်လွဲမှားစေလောက်အောင်ကို
ဖြစ်နေပါတယ်။
ဒီကိစ္စဟာ
သွေးရိုးသားရိုးမရှိတာတော့ အမှန်ပါ။ မြန်မာငွေစက္ကူတွေပေါ်မှာခြင်္သေ့စီးရီးအစား ဗိုလ်ချုပ်အောင်ဆန်း
ရုပ်ပုံအသုံးပြုချင်တာကလူထုဆန္ဒလား လူတစ်စုဆန္ဒလားဆိုတာ သေချာ ဆန်းစစ်ဖို့လိုလာပါပြီ။
ပြည်သူလူထုအတွင်းမှာ ပြန့်နှံ့ရောက်ရှိသုံးစွဲလည်ပတ်နေတဲ့
ခြင်္သေ့စီးရီး မြန်မာငွေစက္ကူတွေဟာ တကယ်တမ်းကျတော့ ကျပ် သန်းပေါင်း
ဘီလျံချီပြီးရှိနေမယ်ဆိုတာ မြေကြီးလက်ခတ် မလွဲပါဘူး။နှစ်ပေါင်း ၂၀
ကျော်
တပ်မတော်အစိုးရ အုပ်ချုပ်လာတဲ့ သက်တမ်းတစ်လျှောက် ဒီငွေစက္ကူတွေကို
စဉ်ဆက်မပြတ်ထုတ်လာခဲ့တာ အခုဆိုရင် ဘီလျံပေါင်းမြောက်မြားစွာ
ရှိနေပြီဖြစ်ပါတယ်။
ဘောဂဗေဒသဘောတရားအရ ပြည်သူတွေဟာ
မိမိတို့ ကိုင်တွယ်သုံးစွဲနေတဲ့ငွေစက္ကူပေါ်မှာ
အပြည့်အ၀ယုံကြည်မှုထားရှိရပါတယ်။ အဲဒီလိုမှမဟုတ်ဘဲ ပြည်သူတွေဟာမိမိတို့
ငွေစက္ကူတွေကို မယုံကြည်တော့ဘူးဆိုရင် ငွေစက္ကူတွေကို
ငွေသားအနေနဲ့ကိုင်တွယ်မထားတော့ဘဲ ပိုမိုစိတ်ချရမယ့်
ရွှေ၊ မြေကြီးအစရှိတဲ့ fix assets တွေကို မရမက ၀ယ်ယူပြီး ကိုင်ထားတော့မှာဖြစ်ပါတယ်။
ရွှေ၊ မြေကြီးအစရှိတဲ့ fix assets တွေကို မရမက ၀ယ်ယူပြီး ကိုင်ထားတော့မှာဖြစ်ပါတယ်။
ဘဏ်မှာ
အပ်ထားတဲ့ ငွေကြေးတွေကို အလုအယက် ထုတ်ယူခြင်းအားဖြင့် ဘဏ်တွေကို ပြိုလဲစေမှာဖြစ်ပါတယ်။
တစ်နည်းအားဖြင့် မြန်မာစီးပွားရေးကို ခါးလည်က ရိုက်ချိုးလိုက်သလို ဖြစ်သွားနိုင်ပါတယ်။
ဒါဟာ သာမန် ဘောဂဗေဒအတွေးပဲ ရှိပါတယ်။
တကယ်တမ်းကျတော့ဒီခြင်္သေ့စီးရီးငွေစက္ကူတွေအစား ဗိုလ်ချုပ်စီးရီး ငွေစက္ကူအသုံးပြုဖို့ဆိုတာတ်ာတော်
ကြီးကို စဉ်းစားဆင်ခြင်ပြီးလုပ်ရမယ့် ကိစ္စတစ်ခုပါ။ လွယ်လွယ်တွေးပြီး လုပ်လိုက်ရင်၊ ခံစားချက်ကို ဦးစားပေးလိုက်ရင်တော့ မြန်မာ့စီးပွားရေးအဆောက်အအုံဟာ ဗုန်းဗုန်းလဲသွားနိုင်ပါတယ်။ သာမန်
ကြီးကို စဉ်းစားဆင်ခြင်ပြီးလုပ်ရမယ့် ကိစ္စတစ်ခုပါ။ လွယ်လွယ်တွေးပြီး လုပ်လိုက်ရင်၊ ခံစားချက်ကို ဦးစားပေးလိုက်ရင်တော့ မြန်မာ့စီးပွားရေးအဆောက်အအုံဟာ ဗုန်းဗုန်းလဲသွားနိုင်ပါတယ်။ သာမန်
ငွေစက္ကူငါးရာကျပ်တန်တွေ အတုများ ထွက်ရှိလာပြီး သိမ်းတော့မယ်လို့ ကောလဟာလတွေထွက်တုန်း
ကဆိုရင် ကမ္ဘောဇဘဏ်အစရှိတဲ့ မြန်မာ့ထိပ်တန်းဘဏ်တွေ ပြိုလဲလုမတတ်ဖြစ်သွားခဲ့တယ်၊
ဘဏ္ဍာရေးဝန်ကြီးကိုယ်တိုင် အာမခံ ပေးခဲ့လို့ ဘာမှမဖြစ်ခဲ့တာ ဆိုတာလေ့လာသူများ သိရှိနိုင်ပါတယ်။
၁၉၈၈ နောက်ပိုင်း တပ်မတော်အစိုးရကခြင်္သေ့စီးရီး ငွေစက္ကူတွေထုတ်လုပ်တဲ့ အချိန်တုန်းကဆိုရင် မြန်မာငွေစက္ကူတွေဟာ အင်မတန် နည်းပါးခဲ့ပါတယ်။ ဒါကြောင့် အလွယ်တကူပဲ ပြောင်းလဲနိုင်ခဲ့ပါတယ်။

အခုဆိုရင်
မြန်မာ့စီးပွားရေး အဆောက်အအုံဟာ အင်မတန်မှ ကြီးမားလာပြီး ထိခိုက်မှု မခံနိုင်တဲ့ အခြေအနေရောက်ရှိနေပါပြီး။
ဒီအချိန်မှာ ပြည်သူလူထုကို စိုးရိမ် ပူပန်မှုရှိစေတဲ့ ကိစ္စတွေကို မဖန်တီးသင့်တာအမှန်ပါပဲ။
ပြည်သူလူထုကို ခြင်္သေ့စီးရီးငွေစက္ကူတွေကို သိမ်းတော့မှာလား၊ အပ်ရတော့မှာလား ဆိုတဲ့ ခေါင်းစားစေတဲ့၊
သံသယဖြစ်စေတဲ့ အတွေးတွေကို မတွေးခိုင်းသင့်ပါဘူး။
မြန်မာစီးပွားရေးပြိုလဲအောင်
လုပ်ဆောင်နေတယ်လို့ မြင်အောင်ကြည့်ရပါမယ်။
No comments:
Post a Comment