ရေတွင်းထဲ ၁၅ရက်ကြာ ပြန်မတက်နိုင်သူ တရုတ်အမျိုးသမီး အသက်ရှင်လျက်လွတ်မြောက်လာ

တရုတ်နိုင်ငံအလယ်ပိုင်းတွင် ရေတွင်းဟောင်းတစ်ခု အတွင်း၌ ၁၅ရက်ကြာပြန် မတက်နိုင်ဘဲ နေထိုင်ခဲ့ရသူ အမျိုးသမီးတစ်ဦးသည် အသက်ရှင်လျက်လွတ်မြောက် လာခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများက ဖော်ပြသည်။
စက်တင်ဘာ ၁ရက်က ဟီနန်ပြည်နယ် ဇောင်ဖန်း ကျေးရွာ၌ အသက်(၃၈)နှစ်ရှိ စုကျီကွေ့သည် လူသူလေး ပါး အသုံးပြုခြင်းမရှိတော့သည့် ၁၂ပေနက်သော ရေ တွင်းဟောင်းအတွင်းသို့ လိမ့်ကျ ခဲ့ကြောင်း ဆင်ဟွာ သတင်းဌာနက ဖော်ပြသည်။
၎င်းသည် ပြောင်းဖူးများကို အစိမ်းလိုက်စား၍ ရေတွင်းထဲသို့ကျလာသော မိုးရေများခံသောက်ကာ အသက်ဆက်ခဲ့ခြင်းဖြစ်ကြောင်း ဆင်ဟွာက ထပ်မံ ဖော်ပြသည်။ တနင်္လာနေ့ညနေပိုင်း တွင် မီးသတ် သမားများက ၎င်းကိုကယ်တင်ခဲ့ပြီး ယခုအခါ ဆေးကုသမှုခံယူလျက် ရှိသည်ဟု သတင်းများကဖော်ပြသည်။
ပြောင်းဖူးပင်များက ဝိုင်းရံပေါက်နေသဖြင့် ရေတွင်းကို ရုတ်တရက်မမြင်နိုင်ကြောင်း၊ ရေတွင်းနံရံ များမှာလည်း ချောနေသဖြင့် တွယ်တက်ရန်ခက်ခဲကြောင်း သတင်းက ဆိုသည်။ သူသည် ပြောင်း ဖူးခင်းအတွင်း ဆေးဖက်ဝင်သည့် အပင်များကိုလိုက်ရှာစဉ် ရေတွင်းဟောင်းထဲသို့ ကျသွား ခြင်း ဖြစ်သည်ဟု ဟီနန်ပြည်နယ်သတင်းစာ ဒါဟီးက ဖော်ပြသည်။
ယင်းသို့ကျသည့်အခါ ပြောင်းဖူးပင်များကို လှမ်းဆွဲ နိုင်ခဲ့သော်လည်း ယင်းအပင်များပါ သူနှင့် အတူ ရေတွင်း ထဲသို့ ကျခဲ့ကြောင်း သတင်းတွင်ဖော်ပြသည်။ စက်တင်ဘာ ၁၆ရက် တွင် ရွာသားတစ်ဦးက ပြောင်းဖူး ချိုးလာစဉ် ရေတွင်းထဲမှ ငိုသံကြားသဖြင့် မီးသတ်အဖွဲ့ကို အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း ဒါဟီးသတင်းစာက ရေးသားသည်။

from - BBC

ဆယ်ကျော်သက် နှင့် ဖောက်ပြန်ခြင်း

rom : ခိုင်လေး(ရွှေတောင်)
အကောင့်ထဲက တက်လာတဲ့ စကားလုံးတွေကို ဖတ်ရင် ရှက်စိတ် ခံပြင်းစိတ် နှမြောမိတဲ့စိတ်တွေနဲ့ ဆက်ပြီး စကားပြောချင်စိတ်မရှိအောင်ဖြစ်နေသည်။
အကောင့်ထဲက အသက် 18နှစ် အရွယ် မိန်းကလေးတစ်ယောက်ရဲ့ အပြောဆို အယူဆတွေ ဘာလို့ ဒီလောက်ထိပေါ့တန် ပေါ့ပျက်ပျက် နိုင်နေရတာလဲဆိုတဲ့ အချက်ကို အထပ်ထပ်တွေးနေမိပါသည်။
အချိန်ကား နံနက် 9နာရီခန့်။ ရုံးသွားဖို့ ဖယ်ရီကားကို စောင့်နေချိန်မှာ ခိုင်လေးအိမ်ဖုန်းသို့ ဖုန်းသံလေးမြည်လာပါသည်။
ဇာဇာ ဆီမှဖြစ်နေသည်။ ခိုင်လေး ဆီတစ်ပတ်တစ်ခါလောက်ဆက်နေကျမို့ ခါတိုင်းလိုပဲ ထင်ပြီး ရယ်သံလေး နှောပြီး ဖုန်းထူးလိုက်တယ်ဆိုရင်ဘဲ ဇာဇာ ဆီက မမျှော်လင့်ဘဲ ငိုချလိုက်သံကို ကြားလိုက်ရသည်။
ခိုင်လေး စိုးရိမ်စိတ်ဖြင့် ပျာယာခတ်သွားသည်။အကျိုးကြောင်းကို သေချာ ချော့မေးမှ သူအမျိုးသားက ကောင်မလေးတစ်ယောက်နဲ့ အွန်လိုင်းမှာ ငြိနေတယ်ဆိုတာကို သိခွင့်ရလိုက်ပါသည်။
ဇာဇာက နယ်မြို့လေးတစ်မြို့ အင်တာနက်ဆိုင် လေးဖွင့်ထားသူတစ်ယောက်ပါ။ သူအမျိုးသားက မလေးရှားနိုင်ငံမှာ အလုပ်လုပ်နေသူတစ်ယောက်ပေါ့။ နိုင်ငံခြားမှာ အလုပ်ချိန်ပြီးတယ်ဆိုတာနဲ့ အွန်လိုင်းပေါ်ကို တက်နေကြသူတွေ များပါသည်။ ဒီမှာ မြန်မာပြည်က အသက် 18နှစ်သာ ရှိသေးတဲ့ သဲ ဆိုတဲ့ ကလေးမလေးနဲ့ ချစ်ဇာတ်လမ်းတွေ ခင်းနေပါသည်။ ကောင်မလေးက လူပျိုလို့ထင်နေတာလား......အိမ်ထောင်ရှိမှန်းသိနေရက်နဲ့ ပတ်သတ်နေတာလားဆိုတော့ အဲဒီကလေးမသာ သေချာ သိနိုင်မှာပါ။
ယောကျာ်းကိုလဲ အတင်းကျပ်မပြောရဲ ကောင်မလေးကို ပြောဖို့လဲ အင်အားတွေ မဲ့စွာ ခိုင်လေးဆီ အားကိုးတကြီး အကူညီလှမ်းတောင်း
ခဲ့ပါသည်။ ဇာဇာကို သေချာချော့မော့ နှစ်သိမ့်ပြီး ရုံးကိုထွက်ခဲ့ရပေမယ့် စိတ်တွေက အဲဒီအကြောင်းအရာပေါ်မှာဘဲ တစ်ဝဲ၀ဲလည်နေမိပါသည်။
ညနေရုံးကပြန်လာတာနဲ့ ကွန်ပြူတာရှေ့ကို လူက ရောက်နေမိပါပြီ။ အရင်ဆုံး ဇာဇာ အမျိုးသားအကောင့်ကို ဖွင့်လိုက်ပါသည်။
သူချာတိတ်မလေးနဲ့ ပြောထားတဲ့ chat mail တွေကို အရင်ဆုံးဖတ်ကြည့်လိုက်မိပါသည်။ ကောင်မလေးက မနှစ်က ဆယ်တန်းကျလို့
ဒီနှစ်ထပ်ဖြေထားပြီး အောင်စာရင်းကို စောင့်နေသူဖြစ်တာရယ်...မလေးကို သွားအလုပ်လုပ်ဖို့ အိမ်က ပိုက်ဆံ ထုတ်မပေးတာတွေ၊
သိပ်သွားချင်ရင် ကိုယ်ပိုက်ဆံ နဲ့ ကိုသွားဆိုတာတွေ စုံအောင်ပြောပြထားတာတွေကို ဖတ်လိုက်ရပါသည်။ လိုရင်းကတော့ မလေးလာဖို့
ငွေထုတ်ပေးမယ့် စပွန်ဆာရှာနေတာပါဘဲ။ ဒါကို မိသားစုနဲ့ဝေး အထီကျန်ဆန်တယ်ဆိုတဲ့ အကြောင်းပြချက်တစ်ခုကို လက်ကိုင်ထားပြီး
ဖောက်ပြန်ခြင်း လမ်းကို စလျှောက်သူက ဇာဇာအမျိုးသား။ သဲ ခြင်းမိုးမွှန်အောင် ခေါ်ပြီးပလီပလာတွေ ပြောနေကြတာတွေကို ဖတ်ရတဲ့ ခိုင်လေးတောင် အတော်ကို စိတ်ပျက်မိနေရင် ဇနီးမယားတစ်ယောက် ဖြစ်တဲ့ ဇာဇာ ရင်ထဲက အပူမီးကကို တင်စားဖွယ်
စကားလုံးမရှိနိုင်ပါဘူး။ ချက်မေးတွေ ဖတ်နေရင်းမှာဘဲ သဲဆိုတဲ့ ချာတိတ်မ အကောင့် မီးစိမ်းလာပါသည်။ ခိုင်လေးလဲ ခပ်တည်တည်နဲ့
*သဲ *လို့ ခပ်တည်တည် ခေါ်လိုက်သည်။ *ကို* ဆိုတဲ့ ထူးသံက တန်းရောက်လာပါသည်။ ပထမတော့ ဇာဇာအမျိုးသားပုံစံမျိုးနဲ့
စကေားပြောကြည့်မလို့ပါဘဲ။ ပြောချင်စိတ်တွေကို ခံပြင်းစိတ်တွေက ဖုံးလွှမ်းသွားတာနဲ့ တစ်ပြိုင်တည်း ဇာဇာ ပုံစံ ပြောင်းပြောလိုက်မိပါတော့သည်။
ဒီမှာဘဲ လောကကြီး ဘာတွေ ဖြစ်ကုန်ပြီလဲထင်ရလောက်အောင် အတွေးခေါ် တော်တော် အောက်တန်းကြလှတဲ့ မိန်းကလေး
ငယ်တစ်ယောက်ရဲ့ စကားတွေကို နားနဲ့ ဆတ်ဆတ် ကြားလိုက်ရပါသည်။
*ကို မဟုတ်ဘူး....ညီမ ကိုလို့ခေါ်နေတာ မမ အမျိုးသားပါ.....အမျိုးသားဆိုတာ ချစ်သူမဟုတ်ဘူးနော်....မမယောကျာ်င်္း*ပါလို့ ခိုင်လေးဘက်က စာရိုက်လိုက်ပါသည်။ သူဘက်က ချက်ချင်းစာတက်လာပါသည်။ ခိုင်လေး ထင်ခဲ့တာက ဒီကလေးမက ဇာဇာအမျိုးသားကို လူလွတ်တစ်ယောက်လို့ထင်မယ်....ပတ်သတ်မိမယ်ပေါ့....ခိုင်လေးက အခြေနေမှန်ကို ပြောလိုက်လို့ သိလိုက်ရချိန်မှာ
အံ့သြတုန်လှုပ်သွားမယ်.....တစ်ကယ့်လက်တွေ့ကြားလိုက်ရတာတွေက တစ်ခြားဆီပါဘဲ။ တော်တော်ကိုဆိုးပါသည်။ဘုရားတောင်တမိ
တယ်ဆို ပိုတယ်လို့ ထင်ပါလိမ့်မည်။ မတော်တရော် မကောင်းဆိုးဝါးတွေကပ်နေလားလို့တောင် စိုးရိမ်လိုက်မိပါသည်။ သူပြန်ပြောလိုက်တာလေးကတော့
*ဟားဟ........အမမို့ အွန်လိုင်းပေါ်က ကိစ္စတွေကို လိုက်ခံစားနေတယ်.......သဲတို့ လိုင်းပေါ်တက်လာရင် အပ်သမျှ အကောင့်တွေအကုန် လက်ခံတယ်..........လာကျူလဲ ပြန်ကျူလိုက်တယ်.........ပျိုတာ အိုတာတွေ အွန်လိုင်းပေါ်မှာ မရှိဘူး။
စိတ်လဲ မ၀င်စားဘူး.........တစ်ခါမှလဲ ကို ကိုမမေးမိဘူး...လူပျိုလားလို့ပေါ့.........ဟားဟ .....ပြောရရင် အမအမျိုးသားနာမည်ကိုတောင်
သဲ သေချာမမှတ်မိဘူး........မမ အမျိုးသားကို အမ နိုင်အောင်ထိန်းလေ* ခိုင်လေး ဘာဆက်ပြောရမှန်းမသိတော့အောင်ကိုဘဲ ရင်ထဲ မောဟိုက်သွားမိပါသည်။ နောက်ဆုံးပြန်လိုက်မိတာလေးကတော့* ဟုတ်ပါတယ်ကွယ် .....မမ က နိုင်အောင်ထိန်းရအောင်
သူက ကလေးမဟုတ်ဘူးလေ....ခုညီမကို ပြောပြတယ်ဆိုတာလဲ အိမ်ထောင်ရှိတဲ့ အမျိုးသားမှန်း မသိသေးဘူးထင်လို့ သမီးတစ်ယောက်လိုစာနာလို့ အသိပေးတာပါကွယ်.....ရှိလဲ ကိစ္စမရှိဘူးဆိုလဲ ညီမအပိုင်းပါဘဲ* လို့ရေးပြီးတာနဲ့ အကောင့်ကို
ပိတ်ခါ ဇာဇာဆီပါတစ်ခါတည်းဖုန်းခေါ်လိုက်မိပါသည်။ အကောင်းဆုံး အကြံတစ်ခုကို ပြောပြလိုက်မိပါသည်။ ဘာလဲဆိုတော့
ဇာဇာ မလေးကို လိုက်သွားချင်သွား...မသွားချင်ရင် မြန်မာပြည်ကိုသာ နင်အမျိုးသားကို ပြန်ခေါ်ထားလိုက်တော့လို့ ပြောပြလိုက်ပါ
သည်။
ညဘက်ရောက်တဲ့ အိပ်မပျော်နိုင်အောင် ကလေးမလေးပြောတဲ့ အကောင့်ထဲက စကားလုံးတွေက မျက်လုံးထဲမှာ တစ်ဝဲ၀ဲလည်နေမိပါ
သည်။ အင်တာနက် ဆိုတာ ပေါ်ပေါက်လာခြင်းက လူသားထုတွေအတွက် ကောင်ကျိုး ၊ ဆိုးကျိုး တစ်ဝက်ဆီ ပေးနေသလိုပါဘဲ။
ယနေ့မျက်မှောက်ခေတ် လူငယ်တွေ လမ်းမှားအယူမှားတွေနဲ့ အင်တာနက်ဆိုတာကို ယောကျာင်္းရှာ ၊ မိန်းမရှာ စရာနေရာတစ်ခုလို
စပွန်ဆာရှာစရာ နေရာတစ်ခုလို ဘာလို့ သဘောထားနေကြရပါသလဲ။ အွန်လိုင်းပေါ်မှာ တွေ့ဆုံကာ တစ်ကယ်မေတ္တာစစ်နဲ့ ချစ်ခင်
စုံဖက် လက်ထပ်သွားကြသူတွေ လည်းအများပြားရှိနေပါသည်။ ကောင်းကျိုး ၊ ဆိုးကျိုး 50 ...50 ဆီ ဖြစ်နေပါသည်။ သဲဆိုတဲ့
ခေတ်ပညာတတ် 10 တန်းကျောင်းသူတစ်ယောက် ရဲ့ အတွေးခေါ် ဆင်ခြင်နိုင်မှုတွေက ဘာလို့ ဒီလောက်ထိ အောက်တန်းကျနေ
ရတာလဲ....ဘယ်ခေတ် ဘယ်စနစ်တွေ ဘယ်လိုပြောင်းနေပြောင်းနေ မြန်မာမိန်းကလေးတစ်ယောက်ရဲ့ ကိုယ်ကို တန်ဖိုးထားရမယ်
ဆိုတဲ့ စံချိန်စံညွှန်းကိုတော့ ဘယ်သောအခါမှ ပြောင်းလဲ မေ့ပစ်လို့ မရနိုင်ပါဘူး။ အ၀တ်စားတွေ ခေတ်မှီလာသည်။ ပညာရေးတွေ
တိုးတက် ပြောင်းလဲလာသည်။ မိန်းကလေးတစ်ယောက်ရဲ့ ထိန်းသိမ်းရမယ့် အိနြေ္ဒတွေ သိက္ခာတွေကိုတော့ ပြောင်းလဲမှု လမ်းကြောင်းပေါ်မှာ လိုက်ပါပြောင်းလဲဖို့ လုံးဝမလိုအပ်ပါဘူး။ မိမ္မမိုက်စစ်တန်း (၁၇)ချက်မှာတောင် နံပတ် *(၃)တပါးလင်ယောက်ျားတို့ကို ရွှင်ပျကြည်သာစွာဧည့်ခံစကားပြောလေ့ရှိခြင်း။
*အမှုတွေကို ပြုလုပ် နေကြပါမှုလောကသံသရာ နှစ်ဖြာစလုံး ဆုံးရှုံးနှစ်မွမ်းရပါမည်ဟု ကျေးဇူးတော်ရှင် သာယာဝတီဆရာတော်ကြီးဧ။် သြ၀ါဒမေတ္တာစာအုပ် တွင် ပါရှိပါသည်
ကောင်းမွန်သော အသိတရားတွေနဲ့ ဖောက်ပြန်ခြင်းကင်းတဲ့အနာဂတ် လူငယ်လေးတွေ အများပြားပေါ်ပေါက်လာစေချင်မိပါသည်။
နိုင်ငံရပ်ခြားမှာ အလုပ်လုပ်နေကြတဲ့ သူတွေ တော်တော် များ ကွန်ပြူတာလေး တစ်လုံးမှ မရှိရင် လူဖြစ်ရှုံးသလိုကို
လူတိုင်း သုံးနေကြပါသည်။နည်းပညာတွေ တိုးတတ်စေသည်။...သတင်းအချက်လက်တွေ ချက်ချင်းသိရပါသည်။
.အကောင့်လေးကနေ သူငယ်ချင်းတွေနဲ့ စကားပြောနေရရင် တိုင်းတစ်ပါးမှာ တစ်ယောက်ထဲ
အထီကျန်မှုတွေကို ပြေပျောက်စေပါသည်။.............ဒီထိတော့ ကောင်းနေသေးသည်။...ဒီထက် မထိန်းချုပ်
နိုင်တဲ့ အခါမှာတော့ ဖောက်ပြန်ခြင်းတွေ ဖြစ်လာတဲ့အခါမှာတော့ ....အိမ်ထောင်သည်တွေ ဖောက်ပြန်ခြင်းခေါင်းစဉ်အောက်က
စကားလုံးတွေထဲမှာ သာယာလာကြသည်။.....စကားလုံးတွေကို မျှော်တတ်လာကြသည်။....ဒီမှာ အစပြု လာတော့တာပါဘဲ။
နောက် ပေါ့ပျက်ပျက် အတွေးတွေ ၀င်လာကြသည်။....ငါတို့ အဝေးရောက်နေတာ ဒီထဲက စကား ပြောရုံနဲ့ ဖောက်ပြန်တယ်
မမည်ပါဘူးဆိုတဲ့ အတွေးမှားတွေ တွေးမိကြပါတော့သည်။.
..အိမ်က မိန်းမတွေ .... အိမ်က ယောကျာင်္းတွေ မသိနိုင်ပါဘူးဆိုတဲ့ ဖောက်ပြန်ဖို့ လုံ့ဆော်တဲ့ အတွေး
တွေ စတင်ဝင်ရောက်လာကြသည်။..........ဒီကနေ တဆင့်တက် နေရာဒေသတူနေရင် အပြင်မှာ တွေ့ကြပါသည်။
မိန်းကလေးတွေကို အဓိက ပြောချင်မိပါသည်။....ဘယ်သူနစ်နာသွားပါသလဲ.........သေချာတွေးကြည့်ပါ။ အချိန်တန် ငွေပို့တာ
မိမိတို့ ဇနီးမယားတွေဆီကိုပါဘဲ..........တကယ်တမ်းကျ တည်ဆောက်ထားတဲ့ အိမ်ထောင်တစ်ခုကို ဖြိုခွဲဖို့ကို
ယောကျာင်္းဘဲဖြစ်ဖြစ်၊ မိန်းမဘဲ ဖြစ်ဖြစ် တော်တော် တွေးကြပါသည်။ ..ပိုင်ဆိုင်ခွင့် မရှိတဲ့ လမ်းတစ်ခုကို မလျှောက်ကြပါနဲ့။
ဖောက်ပြန်ခြင်းတွေကို ရပ်တန့်ကြပါစေ။ အမျိုး ဘာသာ ၊ သာသနာ နှင့်ပညာတိုးပွား၊အကျိုးများစေသော ရည်ရွယ်ချက်ဖြင့်ဤ ဆောင်းပါးလေးကိုရေးသားတင်ပြလိုက်ရခြင်းဖြစ်ပါသည်။ သိစေ၊ တတ်စေ၊ လိမ္မာကြစေလိုသော ဆန္ဒအမှန်ဖြင့် ဖော်ပြပေးရခြင်းဖြစ်ပါသည်။မိန်းခလေးတစ်ယေက်လိမ္မာလျှင် အိမ်သာ၏။ရွာသာ၏။ မြို့သာ၏။ တိုင်းပြည်သာယာပါ၏။ ဆောင်းပါးလေးကိုဖတ်မိကြသောမိန်းခလေးတိုင်း အလိမ္မာလေးတွေအဖြစ် ပြုပြင်ပြောင်းလဲနိုင်ကျပါစေလို့ ဆုမွန်ကောင်းတောင်းလျှက်...



အပျိုဖော်ဝင်စအရွယ် မိန်းကလေးများဖတ်ရန်

၈^၁၉ နှစ်အထိကို ဆယ်ကျော်သက်အရွယ်၊ အသက် ၂၀ မှ ၄၀ အထိ လူရွယ်၊ လူသတ်၊ အသက် ၄၀ မှ ၆၀ အထိ လူကြီးပိုင်း၊ အသက် ၆၀ နှစ်ကျော်လျှင် လူအိုပိုင်းဟု ယေဘုယျအားဖြင့် သတ်မှတ်ထားကြပါသည်။

ယင်းသို့အားဖြင့် အရွယ်ရောက်ပြီးသော အမျိုးသမီးများ ဆိုရာတွင် အသက် ၁၂ နှစ်မှ ၁၅^၁၆ အထိ ပျိုဖော်ဝင်စအရွယ်၊ အသက် (၁၂) နှစ်မှ ၁၈ ^ ၁၉ နှစ်အထိ ဆယ်ကျော်သက်အရွယ်တို့ကို ဆိုလိုပါသည်။ လူတို့၏ ခန္ဓာကိုယ်ကြီးထွားမှုတွင် ကလေးငယ်ဘ၀၌ တစ်ကြိမ်၊ ပျိုဖော်ဝင်စအရွယ်၌ တစ်ကြိမ် ကြီးထွားနှုန်း အမြန်ဆုံးဖြစ်လေ သည်။ သို့ဖြစ်၍ ဤအရွယ်တွင် အာဟာရ ပြည့်ဝသော အစားအစာများကို များများ စားသုံးသင့်ပေသည်။ ထို့အပြင် ဤအရွယ် ပျိုဖော်ဝင်စအရွယ်တွင် သွေးသားပြောင်းလဲချိန်ဖြစ်၍ သွေးသားနှင့် ဆက်နွယ်နေသည့် သံဓာတ်ပါသော အစား အစာများ၊ ကြီးထွားနှုန်းကို အကောင်းဆုံး မြှင့်တင်ပေးနိုင်မည့် ပရိုတင်းဓာတ်နှင့် အင်အားလုံလောက်သော အစားအစာ များကို စားသုံးသင့်ပေသည်။ အထူးသဖြင့် နွားနို့၊ ပဲနို့၊ အသား၊ ငါး၊ ပဲ အမျိုးမျိုးတို့မှာ ကယ်လိုရီနှင့် ပရိုတင်း<ကယ်ဝသော အစာများဖြစ်သဖြင့် အထူးဦးစားပေး စားသုံးသင့်ပေသည်။ ဗီတာမင် (အေ) ဓာတ်သည် မျက်စိအမြင်အားကို ကောင်းစေရုံမျှမက ခန္ဓာကိုယ်ကြီးထွားမှု၊ ကိုယ်တွင်းခုခံမှု စွမ်းအား စသည့်တို့နှင့် ဆက်နွယ်နေကြောင်း သုတေသနပြုချက်များစွာတို့က ထောက်ခံလျက်ရှိကြရာ ပျိုဖော်ဝင်စ အရွယ် တွင် ဗီတာမင် (အေ) ဓာတ် ကြွယ်ဝသော အ၀ါရောင်နှင့် အစိမ့်ရင့်ရောင်ရှိ အသီး၊ ဟင်းသီးဟင်းရွက်များ (ဥပမာ သင်္ဘောသီး၊ မုန်လာဥ၊ ကန်စွန်းရွက်၊ ရွှေဖရုံသီး) စသည်တို့ကိုလည်း သင့်တင့်စွာ စားသုံးပေးရပေမည်။ ထို့အပြင် ပျိုဖော်ဝင်စအရွယ်၌ အရိုးကြီးထွားမှုသည် အလွန်အရေး ကြီးလှပေသည်။ အရိုးကြီးထွား ကျစ်လျစ် ပါမှ အရပ်မြင့်လာနိုင်ပေသည်။ ထို့ကြောင့် အရိုးကြီးထွား ကျစ်လျစ်မှုကို အားပေသည့် ထုံးဓာတ် အလုံအလောက်ပါ သော အစားအစာများ (ဥပမာ - စိမ်းလန်းသော ဟင်းသီးဟင်းရွက်များ) ကိုလည်း လုံလောက်စွာ မှီဝဲပေးသင့်ပေသည်။

ပျိုဖော်ဝင်စအချိန်အရွယ်မှာ ယောက်ျားကလေးဖြစ်က အရပ်ထွက်လာ၊ အသံသြလာသည်။ မိန်းကလေးဖြစ် ပါက တင်ကား၊ ရင်ထွား၊ ခါးသေး စသည်ဖြင့် မိန်းမပုံသဏ္ဍာန် စç ရလာသည်။ ယင်းသို့ ထင်ရှားသော ခန္ဓာကိုယ်ဆိုင်ရာ ပြောင်းလဲမှုများ သာမက အခြားသော ပြောင်းလဲမှုများလည်း ရှိကြပေသည်။ ဥပမာ – လည်ပင်းရှိသိုင်းရွိုက်အကြိတ်

သည် အပျိုပေါက်ကာလ၌ အနည်းငယ် ပို၍ ကြီးလာသည်။ ယင်းသို့ကြီးလာသဖြင့် သူက ထုတ်လုပ်သော သိုင်းရွိုက်ဟိုမုန်း ပိုများလာသဖြင့် မိန်းကလေးဆိုလျှင် သွက်လက်ဖျတ်လတ်လာကြသည်။ သို့ရာတွင် လှုပ်ရှားတက်ကြွလွန်း၍ အချို့ မိန်းကလေးများ အစားအသောက်နည်းကာ အပျိုပေါက်အရွယ်တွင် ပိန်တတ်လေသည်။ များသောအားဖြင့် ပျိုဖော်ဝင်စအရွယ်များသည် စားကောင်း သောက်ကောင်းအရွယ်များ ဖြစ်ကြသည်။ သို့သော်စားကောင်း ခံတွင်းတွေ့တိုင်း စိတ်အလိုလိုက်၍ အစားအစာများကို မကြာခဏ စားသုံးခြင်းမျိုးကို ရှောင်ရပေမည်။ သို့မဟုတ်က အ၀လွန်ရောဂါ ဖြစ်နိုင်ပါသည်။ သုတေသနပညာရှင်များက အ၀လွန်ရောဂါရှင်မှာ ပျိုဖော်ဝင်စများကို အများအပြားတွေ့ရသည်ဟု ဆိုပါသည်။ အချုပ်အားဖြင့် ပျိုဖော်ဝင်စ အရွယ်များတွင် ကယ်လိုရီနှင့် ပရိုတင်း ကြွယ်ဝသော နွားနို့၊ ပဲအမျိုးမျိုး၊ အသား၊ ငါး၊ ကြက်ဥ၊ သစ်သီး၊ ဟင်းသီးဟင်းရွက်များကို မဖြစ်မနေ စားသုံးသင့်ပါသည်။ ထို့ကြောင့် ပျိုဖော်ဝင်စ အရွယ်များ အတွက် တစ်နေ့တာ စားသုံးသင့်သော အာဟာရ အစားအစာများကို တင်ပြလိုက်ပါသည်။
.. www.MyanmarExpress.net




e-Visa စနစ် သုံးလအတွင်း စတင်မည်ဟုဆို

သုံးပြုမည့် မာစတာ၊ ဗီဇာစသည့် အွန်လိုင်းငွေပေး ချေကတ်များကို စစ်ဆေးနိုင်မည့် စနစ်နှင့် အခြေခံအဆောက်အဦ လိုအပ်ချက်များ အတွက် ကုမ္ပဏီများနှင့် ညှိနှိုင်းနေကြောင်း ၄င်းက ထပ်လောင်းပြောကြားသည်။

"တစ်လ၊ နှစ်လအတွင်း အပြီးမဟုတ်တောင် သိသာထင်ရှားတဲ့ အနေအထားတော့ ရောက်မယ်" ဟု ဦးခင်ရီကဆိုသည်။
အွန်လိုင်းဗီဇာစနစ် အကောင်အထည် ဖော်ရာတွင် ပြည်ပနိုင်ငံအသီးသီးရှိ ခရီးသွား များထံမှ ကောက်ယူမည့် ဗီဇာကြေးကို လက်ခံမည့် ဘဏ်များ၊ ငွေလွှဲစနစ်များအတွက် ပြင်ဆင်နေကြောင်း ၄င်းကရှင်းပြသည်။

e-Visa စနစ်ကို ၂၀၁၂ ခုနှစ် အတွင်းစတင်မည်ဟု ကြေညာခဲ့သော်လည်း လက်တွေ့တွင် စတင်နိုင်ခြင်း မရှိကြောင်း၊ မြန်မာနိုင်ငံ၏ နိုင်ငံရေး စီးပွားရေးပြောင်းလဲ လာပြီဖြစ်၍ ခရီးသွားလုပ်ငန်းနှင့် ရင်းနှီး မြှုပ်နှံမှုကို များစွာ အထောက်အကူ ဖြစ်နိုင်မည့် e-Visa စနစ်ကို အမြန်ဆုံးအကောင် အထည်ဖော်သင့်ကြောင်း ခရီးသွားလုပ်ငန်း ရှင်များက အကြံပြုထားသည်။

အာဆီယံဒေသတွင်း နိုင်ငံများမှ နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူများ ဗီဇာလျှောက်ထားရန် မလိုဘဲ သွားရောက်နိုင်ရန် ဒီဇင်ဘာလမတိုင်မီ ဆောင်ရွက်မည် ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ဆိုသည်။

၂၀၁၁ ခုနှစ်မှစတင်ကာ နိုင်ငံ ၅၁ နိုင်ငံမှ ခရီးသွားများကို မြန်မာနိုင်ငံသို့ လာရောက်လိုသူများ အတွက် ဆိုက်ရောက်ဗီဇာ ထုတ်ပေးလျက်ရှိကြောင်း လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။





၄၀ အရွယ်မိခင်မှ သားဖြစ်သူနှင့်လက်ထပ်ခွင့်တောင်း

ဇင်ဘာဘွေနိုင်ငံက....အသက်40ရှိ အမျိုးသမီးတစ်ဦးဟာ သူမရဲ့သားကိုလက်ထပ်မယ်လို့ဆိုလာပါတယ်။

သူမဟာလွန်ခဲ့တဲ့12နှစ်ကတည်းက မုဆိုးမဖြစ်ခဲ့ရပြီး သားဖြစ်သူ (ယခုအသက်23နှစ်)နဲ့ အတူတူနေ ထိုင်ခဲ့ကြ တာဖြစ်ပါတယ်။

သူမဟာ အခုချိန်မှာ ခြောက်လသားကိုယ်ဝန်ကိုလွယ်ထားရပြီး သူမသားရဲ့အစ်ကို(သူ့သားရဲ့သား) ကိုလက်ထပ်တာမျိုးမဖြစ်ချင်တဲ့အတွက် ရင်သွေးလေးမမွေးဖွားခင်မှာ လက်ထပ်ဖို့ စီစဉ်ရတာဖြစ်တယ်လို့ လည်းဆိုပါတယ်။...

သူမဟာ ပထမခင်ပွန်းသေဆုံးပြီးကတည်းက သူမရဲ့သားကျောင်းတက်ဖို့တစ်ယောက်တည်း ရုန်းကန်ခဲ့ရပါတယ်။

အခုအချိန်မှာသားဖြစ်သူဟာ အလုပ်လုပ်နေပြီဖြစ်ပြီး "သူမချွေးနဲ့သွေးနဲ့ရင်းပြီးရလာတဲ့အကျိုးအမြတ်ကို ခံစားပါရစေ"လို့ ရွာလူကြီးတွေအရှေ့မှာပြောခဲ့ပါသတဲ့။

သူမရဲ့ပထမခင်ပွန်းသည်ဟာ သူမအတွက်တင်တောင်းငွေကို ယောက္ခမတွေထံ အပြည့် အ၀မပေးရသေးခ င်အချိန်မှာ သေဆုံးခဲ့တာဖြစ်ပြီး သူမသားက ကျန်ရှိနေတဲ့ငွေတွေကို ကျေလည်အောင်ပေး ဆပ်သွားမယ်လို့ဆိုပြန်ပါတယ်။

ရွာလူကြီးတွေအနေနဲ့ ကတော့ ဒီကိစ္စကိုဘယ်လိုမှ ခွင့်မပြုနိုင်ကြောင်း.... ယခင်ခေတ်ကာလကဆိုလျင် သေဒဏ်ပေးမှာဖြစ်ပေ မယ့် ယနေ့ခေတ်မှာရဲတွေကိုကြောက်ရတဲ့အတွက် အသက်ရှင်ခွင့်ပေး ထားခြင်းဖြစ်ကြောင်း ပြောဆိုသွားပါတယ်ခင်ဗျာ...။


 mother and son getty A 40-year-old mother is set to marry her own son. The woman and her son claim to be in love with each other. And now they want to take their relationship to the next level and get married considering that the mother, Betty Mbereko (from Mwenezi in Masvingo) is now six months pregnant and expecting her son’s child and her grand child. Mbereko, 40, has been a widow for the past 12 years and has been living with her 23-years-old son Farai Mbereko. She confirms that she is six month pregnant and that she has decided it is better to “marry” her son because she does not want to marry her late husband’s young brothers, whom she says are coveting her. Betty stunned a village court last week when she said the affair with her son had begun three years earlier. She said after spending a lot of money sending Farai to school following the death of her husband, she felt she had a right to his money and no other woman was entitled to it. “Look, I strove alone to send my son to school and no one helped me. Now you see that my son is working and you accuse me of doing something wrong. “Let me enjoy the products of my sweat,” she told the village court council. Farai said he was more than prepared to marry his mother and would pay off the ilobola balance his father had left unpaid to his grandparents. “I know my father died before he finished paying the bride price and I am prepared to pay it off,” he said. “It is better to publicise what is happening because people should know that I am the one who made my mother pregnant. Otherwise they will accuse her of promiscuity.” But local headman Nathan Muputirwa says: “We cannot allow this to happen in our village, mashura chaiwo aya, (This is a bad omen indeed). In the past they would have to be killed but today we cannot do it because we are afraid of the police.” He warned them to immediately break off their marriage or leave his village. They chose the latter and have since left the village for an undisclosed destination.













ကြယ်တွေစုံတဲ့ည










အမျိုးအစား-သီချင်း

သံဝေဂ မေးခွန်းများ


အသင်...အသက်ကြီးနေပြီ သဘောထား မကြီးနိုင်သေးဘူးလား?


အသင်...ဆံပင်တွေ ဖြူနေပြီ စိတ်ထားမဖြူနိုင်သေးဘူးလား?

အသင်...ဆံပင်တွေကျွတ်နေပြီ အကျွတ်တရား မရနိုင်သေးဘူးလား?

အသင်...ထိပ်ပြောင်နေပြီ ကိလေသာ ပြောင်အောင် မလုပ်နိုင်သေးဘူးလား?

အသင်...မျက်စိ မှူန်နေပြီ တရားအတွက် စမ်းတ၀ါးဝါး ဖြစ်နေတုံး ပဲလား?

အသင်... နားထိုင်းနေပြီ တရားနာဖို့ ထိုင်းမှိုင်းနေတုံးပဲလား?

အသင်...အသက် ရှူသံချို့ တဲ့နေပြီ အာနာ ပါန လုပ်ဖို့ ချို့ တဲ့နေတုံး ပဲလား?

အသင်...လျှာထူနေပြီ မကောင်းမှုမှာ ထူပူနေတုံးပဲလား?

အသင်...သွား ကျိုးနေပြီ မာန်မာန မကျိုးနိုင်သေးဘူးလား?

အသင်...ပါးစပ် ရွဲ့ နေပြီ ကုသိုလ် ကို အရွဲ့တိုက်နေတုံးပဲလား?

အသင်...အသံပြာနေပြီ ခုထိ ဗျာ များနေတုံးပဲလား?

အသင်...လက်တွေ တုန်နေပြီ ပုတီး ကိုင်ဖို့  ချီတုံချတုံ ဖြစ်နေတုံးပဲလား?

အသင်...ခြေထောက်တွေ ယိုင်နေပြီ အမှားဘက်ကို ယိုင်နေတုံးပဲလား?

အသင်...အသားအရေတွေ တွန့် နေပြီ ကုသိုလ် လုပ်ဖို့ တွန့်နေတုံးပဲလား?

အသင်...ခါးကိုင်းနေပြီ ရတနာ သုံးပါးကို မကိုင်းရှိုင်း နိုင်သေးဘူးလား?

အသင်...စိတ်တွေဝေနေပြီ ၀ိပဿနာလုပ်ဖို့  တွေဝေနေတုံးပဲလား?


အရှင် သုခမိန္ဒ
တက္ကသီလ မဟာဓမ္မာစရိယ
MA(Buddhism)(Sri Lanka)

--------------------------------------------------




အမျိုးသမီးများတွင် ထင်ရှားသောမှဲ့ (၇)မျိုး

ရတနာဆံကျစ်လို့ ခေါ်တဲ့မှဲ့ရယ်။
ရတနာဆီမီးထွန်းဆိုတဲ့ မှဲ့ရယ်။
မျက်ရည်ခံမှဲ့ရယ် (ဘယ်ဘက်)
မျက်ရည်ခံမှဲ့ (ညာရယ်)
နှုတ်တဆိတ်ဆိုတဲ့ မှဲ့ရယ်။
ရွှေပိတုန်းစုပ်ဆိုတဲ့ မှဲ့ရယ်။
စံပယ်တင်(ညာဘက်)မှဲ့ရယ်ဆိုပြီး အမျိုးသမီးတွေအတွက်အထင်ကရမှဲ့(၇)မျိုးရှိတယ်။

အဲဒီမှာရင်ဘတ်အလယ်မှာထင်ထင်ရှားရှားမှဲ့တစ်လုံးတည်းထင်းထင်းကြီးရှိနေတယ်ဆိုရင်အဲဒီမှဲ့ကို ရတနာရွှေအိုးလို့ခေါ်တယ်။ အဲဒီမှဲ့ရှိတဲ့ အမျိုးသ မီးတွေဟာ များသောအားဖြင့်ကြွယ်ဝချမ်းသာလေ့ ရှိတယ်။ နာမည်

ဂုဏ်သတင်း ကျော်ကြားတတ်တယ်။ နောက်ပြီး သူတို့တွေဟာအလုပ် ဌာနတွေမှာအကြီးအကဲခေါင်းဆောင်ဖြစ်လေ့ရှိတယ်။ သူတို့တွေဟာ ဆင်းရဲရင်လဲ ခနပဲ။ ဆင်းရဲတွင်းတဲကျနေရင်လည်းခနပဲ။ မုချ ကြီးပွားချမ်း
သာမယ့်သူတွေဖြစ်တယ်။ အဲဒီလို ရတနာ ရွှေအိုးမှဲ့ပါနေတဲ့ အမျိုး သမီးတွေဟာကျော်နီ၊ ပတ္တမြား၊ စိန်၊နှစ်သက်ရာတစ်ခုခုကိုလက်သူကြွယ် မှာဝတ်ဆင်ထားရင် ထူးထူးခြားခြား ကံမြင့်မားမယ်။

နောက်တစ်ခုက နဖူးရဲ့ ဘယ်ဘက်မှာ ထင်ထင်ရှားရှား မှဲ့တစ်လုံးတည်း ထင်းထင်းကြီးရှိနေတယ်ဆိုရင် အဲဒီမှဲ့ကိုကျတော့ ရတနာဆီ မီးထွန်း လို့ခေါ်တယ်။ အဲဒီလိုမှဲ့ရှိတဲ့အမျိုးသမီးတွေကြတော့ပစ္စည်းဥစ္စာကြွယ်ဝ ချမ်း
သာကြတယ်။ အိမ်ထောင်ဘက်ကောင်းနဲ့ ဆုံတွေ့နိုင်ကြတယ်။ နောက်ပြီး သားကောင်း သမီးကောင်း တွေထွန်းကားကြတယ်။ ပြောရရင်တော့ မိဘထက် မြတ်တဲ့သားသမီးတွေ နောက်ထင်ပေါ်ကျော်ကြားတဲ့ သား
သမီးရတနာတွေကိုဖွားမြင်နိုင်ကြတယ်။ ဘာသာရေး ဆိုရင်လည်းအရမ်း စိတ်ဝင်စားလေ့ ရှိတယ်။ တစိုက်မတ်မတ်လုပ်လေ့ ရှိတယ်။ ဒီဘ၀တွင်ဘာသာတရားလိုက်စားမယ်ဆိုရင်တရားထူးတရားမြတ် တောင်
ရနိုင်တယ်လို့ ဆိုတယ်။

နောက်တစ်မျိုးကဘယ်ဘက်မျက်ခန်းနဲ့ အထက်နှုတ်ခမ်းကြား ထင်ထင်ရှားရှား မှဲ့တစ်လုံးတည်း ထင်းထင်းကြီး ရှိနေ တယ်ဆိုရင် အဲဒီမှဲ့ကို မျက်ရည်ခံမှဲ့လို့ ခေါ်တယ်။ ဘယ်လောက်ပဲငွေကြေးတွေစည်းစိမ်ဥစ္စာတွေ
ပြည့်စုံ နေပေမယ့် စိတ်ဆင်းရဲရတတ်တယ်။ သောကများမယ်။ ငယ်စဉ်ကလေးဘ၀ကတည်းကကြမ်းတမ်းတဲ့ဘ၀ခရီးကို အကွေ့အကောက်များစွာနဲ့ဖြတ်သန်းရတတ်တယ်။ နောက်ပြီးအိမ်ထောင်ဆက်လဲများတတ်တယ်။ သူတို့တွေဟာအနက်ရောင် ဆိုရင် လုံးဝ မ၀တ် သင့်ဘူး။ ရှောင်သင့်တယ်။ကျောက်စိမ်းကိုလည်း မ၀တ် သင့် ဘူး။ စိန်၊ဥဿဖယာ၊ပုလဲစတဲ့ရတနာတစ်ခုခုကိုကိုယ်နဲ့မကွာ ၀တ်ထားသင့်တယ်။

နောက်မှဲ့တစ်မျိုးကိုကြတော့ညာဘက်အောက်မျက်ခမ်းနဲ့အထက်နှုတ်ခမ်းကြားမှာ ထင်ထင်ရှားရှားမှဲ့တစ်လုံးတည်းထင်းထင်းကြီး ရှိနေတယ်ဆိုရင် မျက်ရည်ခံကြီး လို့ ခေါ်တယ်။ သူတို့ရဲ့ ဘ၀တစ်လျှောက်ဆုံးရှုံး
မှု့ကြီးများစွာနဲ့ကြုံတွေ့ရတတ်ပြီး အသက်ကြီးတဲ့ အချိန်မှာဆင်းရဲဒုက္ခရောက် ရတတ်တယ်။ မမျှော်လင့်ပဲခင်ပွန်းသည်သေဆုံးတတ်ပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ မုဆိုးမဖြစ်တတ်တယ်။ အဲဒီမျက်ရည်ခံ မှဲ့ကြီးရှိတဲ့ အမျိုးသမီးတွေဟာဘာ သာတရားကိုအထူးလိုက်စားပြီးကိုယ်ကျင့်တရားအထူးကောင်းမွန်အောင်နေထိုင်ရမယ်။

ကုသိုလ်ကောင်းမှု့ တရစပ်ပြုလုပ်ဆောင်ရွက်ရမယ်။ အကျင့်သီလကို အကောင်းဆုံးဖြစ်အောင် နေထိုင်ရမယ်။ မွေးနေ့တိုင်းပန်းဆီမီး ရေ ချမ်း ကပ်လှူပူဇော်သင့်တယ်။ စိန်၊ ဥဿဖယား လက်ဝတ်ရတနာ တို့ကို
ဝတ်ဆင် ဆောင်ထားသင့်တယ်။

နောက်မှဲ့တစ်မျိုးကိုကြတော့ နှုတ်တဆိတ်လို့ခေါ်တယ်။ဘယ်ဘက်ပါးပြင်ပါးစပ်နားမှာထင်ထင်ရှားရှား မှဲ့တစ်လုံးတည်းထင်းထင်းကြီးရှိနေတယ်ဆိုရင် အဲဒီမှဲ့ကို နှုတ်တဆိတ်လို့ခေါ်တယ်။ အဲဒီမှဲ့ပိုင်ရှင်တွေ ဟာ
စကားပြောအတော် ပြေပြစ်တယ်ကြတယ်။ ချိုသာကြတယ်။ စကားပြောပရိယာယ် ကြွယ်ဝတယ်။

မူယာမာယာများတတ်ကြတယ်။အသိသာဆုံးက ယောက်ျားများ၏ ချစ်ခင်မှု့ စွဲလန်းမှု့များ ရလေ့ ရှိတယ်။ အဲဒီမှဲ့ပိုင်ရှင်များဟာစိန်ရယ်မြ ရယ်ပြောင်ခေါင်းစိမ်း ရတနာတို့ကိုဝတ်ဆင်သင့်တယ်။ အနီရောင်ပန်းပွင့်များ
ကို မကြာခဏဆိုသလို ဘုရားကို ကပ်လှူပေးရင် ကံဇာတာပိုပြီး မြင့် မားစေတယ်။

နောက်မှဲ့တစ်မျိုးက ရွှေပိတုန်းစုပ် လို့ ခေါ်တယ်။ ညာဘက်ပါးပြင် ပါးစပ်နားတွင် ထင်ထင်ရှားရှား မှဲ့တစ်လုံးတည်း ထင်းထင်း ကြီး ရှိနေတဲ့ မှဲ့ပေါ့။ ချစ်ခင်နှစ်သက်သူများဝန်းရံနေတယ်။ မာယာပရိယာယ် ကြွယ်ဝပြီးတော့ လူချစ်လူခင် အားကြီးများတယ်။ စန်းပွင့်တယ်။အိမ်ထောင်ဘက်အမျိုးသား၏ အကျိုးကျေးဇူးကိုခံစားရတယ်။အဖြူရောင်အစိမ်းရောင် ရတနာမှန်သမျှ ၀တ်ဆင်သင့်တယ်။ ပုလဲတစ်မျိုးကို တော့ လုံးဝ ရှောင်ထားသင့်တယ်။

နောက်ဆုံးတစ်မျိုးကတော့ စံပယ်တင်မှဲ့လို့ ခေါ်တယ်။ ဘယ်ဘက် ပါးပြင်မို့မို့မှာထင်ထင်ရှားရှားမှဲ့တစ်လုံးတည်း ထင်းထင်း ကြီး ရှိနေတဲ့ မှဲ့ကို ခေါ်တယ်။ သူတို့တွေဟာ နာမည်ကျော်ကြားထင်ရှားမယ်။ လူတစ်ဦး
ကိုအလွယ် တကူ နှစ်သက်တတ်တယ်။

ကိုယ့်အပေါ်ကိုအိမ်ထောင်ဘက်ကချစ်ခင်အောင်စွဲလန်း အောင်
အမျိုးမျိုးဆောင်ရွက်လေ့ရှိတယ်။သူတို့တွေရဲ့ အချစ်ရေးတွေမှာတော့ အမြဲတမ်းဆိုသလို နှစ်မျိုးနှစ်ခွ ကြုံရလေ့ရှိတယ်။ သူတို့တွေအတွက် အကောင်းဆုံး အဆောင်ကတော့ ပန်းပွင့်ပုံလည်ဆွဲတန်ဆာ ကို ရွှေနဲ့ လုပ်ပြီးဆောင်ထားသင့်တယ်။အဖြူရောင် ကျောက်မျက်ရတနာ မျိုးစုံနဲ့ သင့်မြတ်တယ်။

Credit>>>မြန်မာ့ရိုးရာဗေဒင်ပညာရပ်






ကြိုးစားရုံနဲ့ ပြီးရောလား


တစ်ခါက ဧရာမသင်္ဘောအင်ဂျင်ကြီးပျက်သွားပါတယ်။ သင်္ဘောပိုင်ရှင်ဟာ တော်ပေ့ဆိုတဲ့ အင်ဂျင်နီယာတွေခေါ်ပြင်ပေမယ့်အင်ဂျင်ကပြန်ကောင်းမလာပါဘူး။ နောက်ဆုံးကျန်တဲ့ စက်ပြင်အဖိုးကြီးကိုခေါ်လာပါတယ်။ အဖိုးကြီးဟာ သူငယ်စဉ်ကတည်းက ဒီသင်္ဘောအင်ဂျင်ခန်းမှာ လုပ်လာခဲ့တဲ့သူပါ။ အဖိုးကြီးက စက်ပြင်ကိရိယာတွေထည့်တဲ့ အိတ်ကြီးတစ်လုံးသယ်လာပါတယ်။ ချက်ချင်းပဲ အင်ဂျင်တစ်ခုလုံးကို အသေအချာလိုက်စစ်ပါတယ်။ 

သင်္ဘောပိုင်ရှင်ကလည်း နောက်ဆုံးကျန်တဲ့ ဒီအဖိုးကြီးတော့ ပြင်နိုင်ကောင်းရဲ့ ဆိုတဲ့ မျှော်လင့်ချက်နဲ့ စောင့်ကြည့်နေပါတယ် ။

အစအဆုံးလိုက်စစ်ပြီးတဲ့နောက် အဖိုကြီးဟာသူ့အိတ်ကြီးဆီသွားပြီး တူသေးသေးလေးတစ်ချောင်းထုတ်ယူလိုက်ပါတယ်။ နောက်အင်ဂျင်ရဲ့ တစ်နေရာကိုတူလေးနဲ့ ခပ်ဆတ်ဆတ်လေးခေါက်လိုက်ပါတယ်။ ချက်ချင်းဆိုသလို အင်ဂျင်ကြီးဟာ ထလည်ပါတော့တယ်။ အဖိုးကြီးဟာသူ့တူလေးကို အိတ်ထဲပြန်ထည့်လိုက်ပါတယ်။ အင်ဂျင်ကြီးပြန်ကောင်းသွားပါပြီ ။

နောက်တစ်ပတ်လောက်ကြာတဲ့အခါ သင်္ဘောပိုင်ရှင်ဟာ အဖိုးကြီးဆီက စက်ပြင်ခ တောင်းခံလွှာကိုရပါတယ်။ စက်ပြင်ခတောင်းထားတာက $ 1000 ပါ။ သင်္ဘောပိုင်ရှင်က မကျေနပ်ပါဘူး ။

" ဘာလဲကွာ . . သူလည်းဘာမှ ပင်ပင်ပန်းပန်း လုပ်ရတာလည်းမဟုတ်ဘဲနဲ့ "

နောက်တော့ ဘာတွေကြောင့် ဒီလောက်ကုန်ကျတယ်ဆိုတာ ဘောက်ချာဖွင့်ပေးဖို့တောင်းဆိုလိုက်တယ် ။ အဖိုးကြီးပေးလိုက်တဲ့ ဘောင်ချာက အောက်ပါအတိုင်းပါ

တူနဲ့ခေါက် ခ --- $ 2

ဘယ်နေရာခေါက်ရမယ်ဆိုတာသိခ --- $ 9,98

ကြိုးစားအားထုတ်မှုဟာ အရေးကြီးပါတယ် ။ ဒါပေမယ့် ဘယ်နေရာမှာ ကြိုးစားသင့်တယ်ဆိုတာသိဖို့က ပိုအရေးကြီးပါတယ် ။ ။








မြန်မာငွေစက္ကူနှင့် ဗိုလ်ချုပ်


ပြီးခဲ့တဲ့ ရက်ပိုင်းက လွှတ်တော်အမတ်တစ်ယောက်က    မြန်မာနိုင်ငံမှာ သုံးစွဲလည်ပတ်နေတဲ့
ငွေစက္ကူတွေပေါ်မှာ လက်ရှိ ခြင်္သေ့ပုံတွေအစား ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရုပ်ပုံတွေပြန်လည် သုံးစွဲဖို့ တင်ပြတဲ့အခါမှာ ထောက်ခံသူ တစ်ယောက်နှစ်ယောက်ပဲရှိတဲ့ အတွက် အဆိုရှုံးနိမ့်
သွားခဲ့ပါတယ်။       ဒါဘာကြောင့်လည်း။   လွှတ်တော်မှာခြင်္သေ့ကိုယ်စားပြုတဲ့ ကြံ့ခိုင်ရေး
ကိုယ်စားလှယ်တွေတင် ရှိတာမဟုတ်ဘဲ တစ်ခြား ဒီမိုကရေစီကိုယ်စားပြုကိုယ်စားလှယ်တွေ အပြင် NLD မှ လွှတ်တော်ကိုယ်စားလှယ်ကြီးများလည်း ပါရှိပါတယ်။ 
ဒီအဆိုကို ဘာကြောင့် ငြင်းပယ်တာလည်း ဆိုတဲ့ အကြောင်းပြချက်ကတော့ ကျယ်ကျယ်ပြန့်ပြန့်
ထွက်မလာဘဲ    ငြင်းပယ်ခံရပြီး အဆိုရှုံးနိမ့်သွားတယ်ဆိုတဲ့ အကျိုးတရားကသာ ကျယ်ကျယ်ပြန့်ပြန့်
ဖြစ်ပေါ်လာတာကို တွေ့မြင်နေရပါတယ်။ အများပြည်သူ အထင်အမြင်လွဲမှားစေလောက်အောင်ကို
ဖြစ်နေပါတယ်။ 
 
ဒီကိစ္စဟာ သွေးရိုးသားရိုးမရှိတာတော့ အမှန်ပါ။ မြန်မာငွေစက္ကူတွေပေါ်မှာခြင်္သေ့စီးရီးအစား ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံအသုံးပြုချင်တာကလူထုဆန္ဒလား လူတစ်စုဆန္ဒလားဆိုတာ သေချာ ဆန်းစစ်ဖို့လိုလာပါပြီ။
ပြည်သူလူထုအတွင်းမှာ ပြန့်နှံ့ရောက်ရှိသုံးစွဲလည်ပတ်နေတဲ့ ခြင်္သေ့စီးရီး မြန်မာငွေစက္ကူတွေဟာ တကယ်တမ်းကျတော့ ကျပ် သန်းပေါင်း ဘီလျံချီပြီးရှိနေမယ်ဆိုတာ မြေကြီးလက်ခတ် မလွဲပါဘူး။နှစ်ပေါင်း ၂၀ ကျော် တပ်မတော်အစိုးရ အုပ်ချုပ်လာတဲ့ သက်တမ်းတစ်လျှောက် ဒီငွေစက္ကူတွေကို စဉ်ဆက်မပြတ်ထုတ်လာခဲ့တာ အခုဆိုရင် ဘီလျံပေါင်းမြောက်မြားစွာ ရှိနေပြီဖြစ်ပါတယ်။
ဘောဂဗေဒသဘောတရားအရ  ပြည်သူတွေဟာ မိမိတို့ ကိုင်တွယ်သုံးစွဲနေတဲ့ငွေစက္ကူပေါ်မှာ အပြည့်အ၀ယုံကြည်မှုထားရှိရပါတယ်။ အဲဒီလိုမှမဟုတ်ဘဲ ပြည်သူတွေဟာမိမိတို့ ငွေစက္ကူတွေကို မယုံကြည်တော့ဘူးဆိုရင်   ငွေစက္ကူတွေကို   ငွေသားအနေနဲ့ကိုင်တွယ်မထားတော့ဘဲ ပိုမိုစိတ်ချရမယ့်
ရွှေ၊ မြေကြီးအစရှိတဲ့   fix assets တွေကို မရမက ၀ယ်ယူပြီး ကိုင်ထားတော့မှာဖြစ်ပါတယ်။
ဘဏ်မှာ အပ်ထားတဲ့ ငွေကြေးတွေကို အလုအယက် ထုတ်ယူခြင်းအားဖြင့် ဘဏ်တွေကို ပြိုလဲစေမှာဖြစ်ပါတယ်။ တစ်နည်းအားဖြင့် မြန်မာစီးပွားရေးကို ခါးလည်က ရိုက်ချိုးလိုက်သလို ဖြစ်သွားနိုင်ပါတယ်။ ဒါဟာ သာမန် ဘောဂဗေဒအတွေးပဲ ရှိပါတယ်။

တကယ်တမ်းကျတော့ဒီခြင်္သေ့စီးရီးငွေစက္ကူတွေအစား ဗိုလ်ချုပ်စီးရီး ငွေစက္ကူအသုံးပြုဖို့ဆိုတာတ်ာတော်
ကြီးကို စဉ်းစားဆင်ခြင်ပြီးလုပ်ရမယ့် ကိစ္စတစ်ခုပါ။ လွယ်လွယ်တွေးပြီး လုပ်လိုက်ရင်၊ ခံစားချက်ကို ဦးစားပေးလိုက်ရင်တော့ မြန်မာ့စီးပွားရေးအဆောက်အအုံဟာ ဗုန်းဗုန်းလဲသွားနိုင်ပါတယ်။ 
သာမန်
ငွေစက္ကူငါးရာကျပ်တန်တွေ အတုများ ထွက်ရှိလာပြီး သိမ်းတော့မယ်လို့ ကောလဟာလတွေထွက်တုန်း
ကဆိုရင် ကမ္ဘောဇဘဏ်အစရှိတဲ့ မြန်မာ့ထိပ်တန်းဘဏ်တွေ ပြိုလဲလုမတတ်ဖြစ်သွားခဲ့တယ်၊
ဘဏ္ဍာရေးဝန်ကြီးကိုယ်တိုင် အာမခံ ပေးခဲ့လို့ ဘာမှမဖြစ်ခဲ့တာ ဆိုတာလေ့လာသူများ သိရှိနိုင်ပါတယ်။


၁၉၈၈ နောက်ပိုင်း    တပ်မတော်အစိုးရကခြင်္သေ့စီးရီး ငွေစက္ကူတွေထုတ်လုပ်တဲ့ အချိန်တုန်းကဆိုရင် မြန်မာငွေစက္ကူတွေဟာ အင်မတန် နည်းပါးခဲ့ပါတယ်။ ဒါကြောင့် အလွယ်တကူပဲ ပြောင်းလဲနိုင်ခဲ့ပါတယ်။ 
အခုဆိုရင် မြန်မာ့စီးပွားရေး အဆောက်အအုံဟာ အင်မတန်မှ ကြီးမားလာပြီး ထိခိုက်မှု မခံနိုင်တဲ့ အခြေအနေရောက်ရှိနေပါပြီး။ ဒီအချိန်မှာ ပြည်သူလူထုကို စိုးရိမ် ပူပန်မှုရှိစေတဲ့ ကိစ္စတွေကို မဖန်တီးသင့်တာအမှန်ပါပဲ။    ပြည်သူလူထုကို ခြင်္သေ့စီးရီးငွေစက္ကူတွေကို သိမ်းတော့မှာလား၊ အပ်ရတော့မှာလား ဆိုတဲ့ ခေါင်းစားစေတဲ့၊ သံသယဖြစ်စေတဲ့ အတွေးတွေကို မတွေးခိုင်းသင့်ပါဘူး။
မြန်မာစီးပွားရေးပြိုလဲအောင် လုပ်ဆောင်နေတယ်လို့ မြင်အောင်ကြည့်ရပါမယ်။